ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာငါးရွာအတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၃၀၀ လွှဲပြောင်းပေးအပ်
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာတွင် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၁၀ ရက်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။