ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့် မကွေးမြို့နယ်အတွင်းရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်  (မကွေးတိုင်းဒေသကြီးတာဝန်ခံ)သည် ယနေ့ နံနက် ၁၀ နာရီခွဲက  မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့်အတူ.....
မဲဆန္ဒရှင်များသို့ အသိပေးကြေညာခြင်း

မယ်စဲ့မြို့နယ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများစစ်ဆေး
မယ်စဲ့မြို့နယ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့ မွန်းလွဲ ၁ နာရီက ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလ ရန်ကုန် (ဝါးတန်း) - ဒလ ကားကူးဇက်ယာဉ်လမ်း၌   ကုန်စည်နှင့် မော်တော်ယာဉ်များကို ဇက်ရေယာဉ် တစ်စင်းဖြင့် ပြေးဆွဲပေး   
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ရန်ကုန် (ဝါးတန်း) - ဒလ ကားကူးဇက်ယာဉ် ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်း လက်ရှိအချိန်ထိ ကားကူးဇက်ရေယာဉ် ၁ စီးဖြင့်သာ ကုန်စည်နှင့် မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ 
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 (၇-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၇၅)ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် Travel Cue Management Sdn Bhd ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။