မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြေသြဇာဆိုင်ရာ နည်းပညာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၌ ယမန်နေ့က ငွေကျပ် ၂ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့်.....
သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၁၅ စုတို့အား ကိုဗစ်-၁၉ ကာလ လိုအပ်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အဘရသီဝံ ရွှေကျင်တိုက်သစ်ကျောင်း၊ လမင်းတစ်ရာ ဘတ်စုံပရဟိတ ဆရာတော်ဥူးစန္ဒာသီရိနှင့် အလှူရှင် ၉ ဦးတို့က သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၁၅ စုတို့အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း .....
ပြည်တွင်းပြောင်းဆန်သုံး စက်ရုံများ ပြည်ပမှ တင်သွင်းစရာ မလိုရန်  ပြည်ပသို့ပြောင်းတင်ပို့မှု ထိန်းညှိပေးမည်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သစ်အတွက် ပြည်တွင်းပြောင်းဆန်သုံး စက်ရုံများ ပြည်ပမှ ပြောင်းတင်သွင်းစရာ မလိုရန်  ထိန်းညှိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။