ဧရာဝတီမြစ်အတွင်း တရားမဝင်ငါးဖမ်းဆီးမှုများ  မရှိစေရေးကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီး ဌာနမှူး ဒေါ်ဉမ္မာမြင့်သည် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများလိုက်ပါလျက် မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ ရေရှည်ထိန်းသိမ်း ကာကွယ်နိုင်ရေးနှင့် တရားမဝင်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးမှုမရှိစေရေး ယနေ့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း (၁၄)ကြိမ်မြောက် အာရှ-ဉရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်
(၁၄)ကြိမ်မြောက် အာရှ-ဉရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အိမ်ရှင်အဖြစ် Virtual အစီစဉ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။ 
ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်မည့် ကျေးရွာမီးလင်းရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ တောင်ပေါ်ကျေးရွာဖြစ်သည့် မဲပေါက်ကျေးရွာအုပ်စု၊ ဂမုန်းတောင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ပေးမည့် ကျေးရွာ မီးလင်းရေးလုပ်ငန်းများကို .....
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါနှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ညောင်တုန်းမြို့နယ်၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်အတွင်း မဲရုံများပြင်ဆင် ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းမာပင်မြို့နယ်တွင် (ADSP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်း (ADSP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးမျိုးကျော်ဦး၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
Druk International film festival (DIFF) ရုပ်ရှင်ပွဲတော်တွင် “နို့ဘီလူး”ရုပ်ရှင်ဇာတ်ကား ထူးချွန်ဆု(၄)ဆု ဆွတ်ခူးရရှိ
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဘူတန်နိုင်ငံ၌ ကျင်းပသော Druk International film festival (DIFF) ရုပ်ရှင်ပွဲတော်တွင် အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သော မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား သည် ထူးချွန်ဆု (၄)ဆု ဆွတ်ခူးရရှိကြောင်း သိရသည်။