ဆွမ်းခက်ခဲသည့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းတချို့ကို လှူဒါန်းသွားမည်

အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများ၊ Oxygen Cylinderအိုးများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါး ဧက ၃၇၅၀၀၀ စိုက်ပျိုးသွားရန်လျာထား

ဇမ္ဗူသီရိမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေး ပုံစံ ၁-၁ ဖြင့်ရေးသွင်းထားသည့် မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသား များ၊ သင်တန်းသားများနှင့် အချုပ်သားများမှ ပေးပို့လာသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းရန် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ် လောင်းများအား ဖိတ်ကြား၍ ၎င်းတို့ကိုယ်တိုင် စာအိတ်များဖွင့်ဖောက်၍ မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းကို ယမန်နေ့မွန်းလွဲ (၃) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့
သင်္ဃန်းကျွန်းမြို့နယ်တွင် မဲရုံမှူးများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့