ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း သမိန်ဒွတ်-ခရင်း ကျောက်ခင်းလမ်း နှစ်မိုင်နှင့် တန်ဖိုးနည်း အိမ်ရာ (၁)လုံး ရာနှုန်းပြည့်ပြီးစီး
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးနှင့်အဖွဲ့ဝင် များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့ နယ်အတွင်း သမိန်ဒွတ်-ခရင်းကျောက်ခင်းလမ်း (၂/ဝ)မိုင်၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၁၉ ဒသမ ၇၇၀) သန်းနှင့် တောင်ကြာအင်း (အထက) ဆရာ/ဆရာမ တန်ဖိုးနည်း အိမ်ရာ (၁)လုံး ခွင့်ပြု ရန်ပုံငွေကျပ်(၈ ဒသမ ၁၇၅)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု များအား အောက်တိုဘာ ၁၀ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများ (၁၀ဝ ရာခိုင်နှုန်း) ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရ







