ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သန်လျင်မြို့နယ် Quarantine Center များအတွက် ငွေကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center  များတွင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်‌တော်  ၆  အောက်တိုဘာ

 

နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ မြန်မာသံရုံး( ၇) ရုံးတွင်  ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး

နေပြည်တော်  ၆  အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၂၅၂ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၂၀၀၃၃ ဦး ရှိသွားပြီ

နေပြည်တော်  ၆  အောက်တိုဘာ

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုင်းဒေသကြီး/ ပြည်နယ် (၆)ခုရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လက်တွေ့မြေပြင်တွင်ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး 
တိုင်းဒေသကြီး/ ပြည်နယ် (၆)ခုရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 
UNOPS, WHO နှင့် ICRC တာဝန်ရှိသူများ ဧရာဝတီစင်တာသို့ လာရောက်၍ မကြာမီဖွင့်လှစ်တော့မည့် ICU/HDU (၇၅)ကုတင်ပါ Critical Care Unit သို့ကြည့်ရှု
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော UNOPS၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ဧရာဝတီစင်တာသို့ ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ခံဆရာဝန်ကြီးများနှင့် ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်တို့က လက်ခံတွေ့ဆုံခဲ့ပြီး  ဧရာဝတီစင်တာ၏ လည်ပတ်နေပုံအဆင့်ဆင့်ကို လိုက်လံရှင်းလင်းပြသခဲ့သည်။
ကလေးခရိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့  ဆန်အိတ် ၉၀ လာရောက်လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ စမ်းမြို့ရပ်ကွက်နေ ဦးမန်းလျှံထန်းနှင့် ဒေါ်မောသဲ မိသားစု (ARB ဆန်ပွဲရုံ) မှ ဆန်အိတ် ၉၀ ကို ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။