ငှက်ပျော အရောင်းအဝယ် အေးနေသည့်အတွက် ပွဲစားများ အခက်တွေ့
မန္တလေးမြို့အနီး အမရပူရ အင်း၀ဒေသများတွင် ဖီးကြမ်းငှက်ပျောများကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ နတ်ပွဲများ မကျင်းပနိုင်သဖြင့် ငှက်ပျောပွဲစားများ အခက်တွေ့လျက်ရှိကြောင်း သိရသည်။







