(၇၁) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အွန်လိုင်းမှတက်ရောက်
ကမ္ဘာတစ်ဝန်းရှိ နေရပ်စွန့်ခွာမှုများ၊ ရွှေ့ပြောင်းသွားလာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ (၇၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အွန်လိုင်းမှ ပါဝင်တက်ရောက်သည်။







