ဧရာဝတီမြစ်ရေတက်သည့်အတွက် အမရပူရမြို့နယ်ရှိ ပဲမျိုးစုံ စိုက်ခင်းအားလုံး ပျက်စီးဆုံးရှုံး

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်သည့်ကိုင်းမြေများကို စက်စွမ်းအားသုံးထွန်ယက်ပြီး ပဲမျိုးစုံ  စိုက်ပျိုးထားရာ ဧရာဝတီမြစ်ရေ ပြန်တိုးလာသည့်အတွက် ပဲစိုက်ခင်းအားလုံးပျက်စီး  ဆုံးရှုံးသွားကြောင်းသိရသည်။
ချောင်းဦးမြို့နယ် ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးသည့်တောင်သူများ ကိုဗစ်-၁၉ ကာလ ဝင်ငွေပုံမှန်ရရှိရေးနှင့် စျေးကွက်ရရှိရေး၊  ဓာတုဆေးများ လျော့ချသုံးစွဲနိုင်ရေးဆောင်ရွက်
CERP စီမံချက်အရ စိုက်ပျိုးခဲ့သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများ၌ ပိုးမွှားရောဂါကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မျိုးကွယ်ပယ်ခြင်း လုပ်ငန်းများကို တောင်သူများ အချိန်မီ အချိန်ကိုက် ဆောင်ရွက်နိုင်ရေး ၊ မြေဆီလွှာ အဟာရဓာတ်များ တိုးတက်လာစေရန်၊ လယ်ယာစွန့်ပစ် ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး EM သဘာဝမြေသြဇာအဖြစ် သုံးစွဲနည်းများ ဆွေးနွေးသရုပ်ပြခြင်းတို့ကို ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ ကွင်းတာဝန်ခံများက ယနေ့ နံ့နက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တွံတေးတူးမြောင်း ကမ်းပါးပြိုကျမှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ မိုင်(၂၀) အရှေ့ကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က တွံတေးတူးမြောင်း ရေဆွယ်ထိုးမှုနှင့် ဒီရေအတက်အကျကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ လူငယ်များနှင့် ညှိနှိုင်းဆွေးနွေး ပွဲကျင်းပ
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်တွင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပြင်ဆင်ထုတ်ပေး 
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိပြီးသော ဦးပိုင်များအား လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းကြောင့် ဧရိယာပြောင်းလဲသွားခြင်းအပေါ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပြင်ဆင်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တွံတီးကျေးရွာတွင် မျိုးစေ့ချကိရိယာ ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း.....