မိုးကောင်းမြို့၌ ကုန်တင်ယာဉ်များ နေ့ချင်းပြန်စနစ်ဖြင့်သာ ဝင်ထွက်ခွင့်ရှိပြီး ညအိပ်ရပ်နားလိုပါက မြို့ပြင်ရှိသတ်မှတ်နေရာတွင်သာ ရပ်နားခွင့်ပြုမည်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များအနေဖြင့် ယနေ့မှစပြီး မြို့တွင်းသို့ဝင်ရောက်လိုပါက နေ့ချင်းပြန်စနစ်ဖြင့်သာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ညအိပ်ရပ်နားလိုပါက မြို့ပြင်ရှိသတ်မှတ်နေရာများတွင်သာ ရပ်နားရမည်ဖြစ်ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကျေးရွာများ၌ သောက်သုံးရေ အရည်အသွေးစမ်းသပ်စစ်ဆေး
မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅၂) ရွာ၌ ပြည်သူများ သောက်သုံးလျက်ရှိသည့် ရေအရည်အသွေးများကို စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်ရှစ်ခုဖြင့် စစ်ဆေးလျက်ရှိပါကြောင်း  ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့် က ပြောကြားသည်။
ရေတာရှည်မြို့နယ် ၊  ရေနီမြို့တွင်  နေပြည်တော်ကိုဖြတ်သန်း မောင်းနှင်မည့် ကုန်တင်ယာဉ်မောင်းများကို  Tast Kit ဖြင့် စစ်ဆေးပေးနေပြီး (၇) ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ
ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် ကုန်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နယ်  ရေနီမြို့မြောက်ဘက်အထွက် စည်ပင်သာယာ စျေးအတွင်း၌ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီမှ စတင်၍ Tast Kit ဖြင့် covid-19 ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဓာတ်ခွဲနမူနာယူ စစ်ဆေးမှုများဆောင်ရွက်ပေး လျက်ရှိသည်ကို တွေ့ရှိရသည်။