ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးတို့မှ ကိုဗစ်-၁၉ လူနာများအတွက် ကုသရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက် နေသည့် ကထိက(ဆေးပညာ)/ အထူးကုဆရာဝန်များ၊ အထူးကုလက်ထောက်ဆရာဝန်၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများ၊ အထက်တန်းသူနာပြုများ၊ သူနာပြုများနှင့် Videoconferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။