ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် ပိုက်ကျော်ခြင်းကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၉ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာသို့ သွားရောက်ပြီး အားကစားလေ့ကျင့်နိုင်ရန်အတွက် ပိုက်ကျော်ခြင်း ကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ








