ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ပထမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ ပါဝင်တက်ရောက်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ညနေ ၅ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Mekong-U.S. Partnership) ပထမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေး ကျင်းပ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုင်းဒေသကြီး/ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့  ထောက်ပံ့ငွေများပေးအပ်
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့  ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့်ကျင်းပသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများအားလုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားမည်
(၁၇)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ (၁၇)ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ပထမအကြိမ်ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ပထမအကြိမ်ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေး (1st Meeting of Joint General (Trade) Working Group Committee)ကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ နှစ်နိုင်ငံသက်ဆိုင်ရာဌာန များအကြား Zoom Application ဖြင့် ကျင်းပသည်။
အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်များနှင့် တီမောလက်စတီနိုင်ငံတို့ ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးသို့ MRTV မှ ဝန်ထမ်းများတက်ရောက်
အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် (ASEAN Social-Cultural Community-ASCC)ရှိ သက်ဆိုင်ရာ Sectoral Body များနှင့် တီမောလက်စတီနိုင်ငံတို့အကြား တီမောလက်စတီနိုင်ငံ၏ အာဆီယံအဖွဲ့ တင်းပြည့်အဖွဲ့ဝင်ဖြစ်မြောက်ရေး အဆိုပြုချက်နှင့်စပ်လျဉ်းပြီ