အောင်လံမြို့နယ်တွင် ရန်ကုန်−ပြည်−မကွေးကားလမ်းပေါ်ရှိ မြို့နယ်စီမံကိန်းရုံးအနီးနှင့် ရွှေညောင်ပင် ကျေးရွာအုပ်စု တိုးဂိတ်၌ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်−ပြည်−မကွေးကားလမ်းပေါ်ရှိ မြို့နယ်စီမံကိန်းရုံးအနီးနှင့် ရွှေညောင်ပင်ကျေးရွာအုပ်စု တိုးဂိတ်၌ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက်မှုကို စက်တင်ဘာ(၁၀)ရက်က စတင်စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရ
စေတုတ္တရာမြို့နယ် အလယ်ဟန်ဒေါက်-ဘူး-ချီကျေးရွာချင်းဆက်လမ်း လမ်းတာချဲ့၍ မြေသားလမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက် လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ချီ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရ
ထန်တလန်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရောင်ပြန်(Sticker) များ ကပ်နှိပ်ပေး
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော  မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု  လျော့နည်းစေရေး ရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊(ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်း ဦးဆောင် သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက် ပေးခဲ့ကြ
စိုက်ပျိုးရေးဦးစီးဌာနက အကျိုးဆောင်တောင်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ဂန့်ဂေါတွင် ပေးအပ်
ဂန့်ဂေါမြို့နယ်အတွင်း မိုးစပါးနှင့် မိုး​မြေပဲ စမ်းသပ်ကွက်၊ စံပြကွက် စိုက်ပျိုးဆောင်ရွက်သော အကျိုးဆောင် တောင်သူများသို့  ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ..............
ဓနုဖြူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဆကာကြီးကျေးရွာအုပ်စု အတွင်းရှိ ကော်မရှင် မဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းရန် ကျန်ရှိသူများနှင့် အမှန်တစ်ကယ် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးခြင်းကို စက်တင်ဘာလ ၁၁ ရက် နံနက်၈နာရီက အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ
ပြင်ဦးလွင်မြို့၌ ခရီးသည်တင်မော်တော်ယာဉ် လိုင်းများပြေးဆွဲမှုအား ယာယီ ရပ်နား
မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု အခြေအနေအရ မန္တလေးမြို့၌ အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ် လိုင်းများအားလုံးကို စက်တင်ဘာလ (၁၀)ရက် ည(၁၂) နာရီမှ စတင်လျှက် ယာယီရပ်နားထားလိုက်ပြီ ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ ၊ မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမင်းသူ၏ ပြောပြချက်အရ သိရ
ကျောင်းကုန်းမြို့၌ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ငါးကောင်ရေ(၄)သိန်းခွဲ ငါးမျိုးစိုက်ထည့်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်း ............