ခင်ဦးမြို့နယ်၌ ပင်တင်းဆည် ထူးပေါက်ဂလိုင်ဖြစ်ပွား၍ သဲအိတ်ချခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မီးသတ်စခန်း၏ အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ ပင်တင်းဆည်တွင် ယနေ့ နံနက် ၆ နာရီခန့်က ထူးပေါက်ဂလိုင်ဖြစ်ပွား၍ သဲအိတ်ချခြင်း ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ထံမှ  သိရသည်။
လဟယ်မြို့နယ်၌ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း အမည်စာရင်းများကြေညာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် လွှတ်တော်အသီးသီး၌ ဝင်ရောက် ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ပြည်သူများသိရှိစေရန် နာဂဒေသရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။ 
ကော့ကရိတ်မြို့တွင်  လွှတ်ကိုယ်စားလှယ်လောင်းအမည်စာရင်းများ  ကြေညာထားရှိ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကော့ကရိတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊  အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို ဩဂုတ် ၃၀ ရက်မှစတင်၍  မြို့နယ်ကော်မရှင်ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) ဝင်ရောက်ယှဉ်ပြိုင်မည်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ချင်းပြည်နယ်အတွင်းမှ လွှတ်တော်အသီးသီးသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သြဂုတ် ၃၀ရက် မှစ၍ ကြေညာခဲ့ပြီး ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း (၂၁၀)  ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဈေးအတွင်း နှာခေါင်းစည်းများ လိုက်လံဝေငှ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိနိုင်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်တင်ဘာ ၂ ရက် နံနက်၇နာရီက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက်ရှိ ထီးတန်းဈေးအတွင်း၌ နှာခေါင်းစည်းများကိုအခမဲ့ လိုက်လံဝေငှပေးခဲ့ကြသည်။
ဟိုမိန်းမြို့  ရေပေးဝေရေး ရေစုကန်တည်ဆောက်ခြင်းနှင့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့၌ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပြည်နယ်အစိုးရအဖွဲ့) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များ ရေပေးဝေရေးအတွက် ရေစုကန်များတည်ဆောက်ပြီးစီးမှုနှင့်  ‌PVC ရေပိုက်များသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို စက်တင်ဘာ ၂ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
မိုင်းယုမြို့ရှိ အသက်တစ်နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန် ပိုလီယိုကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိ ကလေး ငယ်များကို ပုံမှန်ပိုလီယိုကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၇ နာရီက ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး၊ ထိုးနှံပေးခဲ့