မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက စားသောက်ဆိုင်ကြီးများ၊ ကုန်စုံဆိုင်များတွင် အသိပညာပေးခြင်းကို ဆောင်ရွက် ခဲ့သည်။
နမ့်ခမ်းမြို့၌ ကျေးရွာအုပ်စုများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၀၀၅) ကတ် ပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ခမ်းမြို့နယ် ဦးစီးမှူးရုံးက ဩဂုတ် ၃၁ ရက်က နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀)အုပ်စုအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀၀၅) ကတ်ကို ပေးအပ်ခဲ့သည်။
တီးတိန်မြို့၌ နှာခေါင်းစည်း ၃၅၀၀ ကျော် အခမဲ့ဖြန့်ဝေ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကူးစက်ပြန့်ပွားမှု မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ တီးတိန်မြို့နယ်ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဂါလန် ၈၀၀ ဆံ့ မီးငြှိမ်းသတ်ယာဉ် တစ်စီး လဲချားမြို့နယ် နယ်မြေမီးသတ်စခန်းမှက လက်ခံရယူ
၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လဲချားမြို့နယ်၌ လိုအပ်သော ဂါလန် ၈၀၀ ဆံ့ မီးငြှိမ်းသတ်ယာဉ်တစ်စီးကို တာဝန်ရှိသူများက ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း  ရာနှုန်းပြည့်စီးပြီဖြစ်၍ ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးဆောက်ရွက်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း
ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ နေရပ်ပြန်များထားရှိရာနေရာသို့ သွားရောက်စစ်ဆေး
နေရပ်ပြန်များကို အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် အသွားအလာကန့်သတ်သည့်နေရာ အဖြစ် ထားရှိရာမှ ပိုမိုကျယ်ပြန့်စွာနေထိုင်နိုင်ရန်  ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ သာသနာ့ရိပ်သာတွင် စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးချဲ့ထားရှိကြောင်း သိရသည်။
နောင်ခေါ်ကျေးရွာအုပ်စုတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ရေး စာရင်းကောက်ယူလျက်ရှိ        
သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်နိုင်ငံလုံး စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်ခေါ်ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ လိုက်လံနှိုးဆော် ဆောင် ရွက်ထားရှိပြီး စာရင်းများကောက်ယူခြင်းကို ယမန်နေ့ကစတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။