ကိုဗစ်ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များကို  မလိုက်နာတဲ့အတွက် စျေးသည် ၁၂ ဦး ကို အရေးယူ
ကိုဗစ်ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာတဲ့အတွက် ဈေးသည် ၁၂ ဦးကို အရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။ စျေးချို၊ မန်းမြန်မာ၊ စျေးချိုသစ်သီးတန်း၊ ၈၅ လမ်းဘေးရှိ စျေးသည် ၁၂ ဦး ကို ဆိုင်သုံးရက်ပိတ် အရေးယူမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပုသိမ်ကြီးမြို့နယ်ရှိ ဒေသနွား မျိုးထိန်း၊မျိုးပွားသရုပ်ပြခြံမှ ငါးနှစ်တာကာလအတွင်း မျိုးကောင်းမျိုးသန့် နွားကောင်ရေ(၃၀ဝ)ကျော် ဖြန့်ဖြူးပေးနိုင်ခဲ့
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း ကျေးရွာအနီးရှိ ဒေသနွား မျိုးထိန်း၊မျိုးပွားသရုပ်ပြခြံ မှ ငါးနှစ်တာကာလအတွင်း မျိုးကောင်းမျိုးသန့် နွားကောင်ရေ(၃၀ဝ)ကျော် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ဒေသနွား မျိုးထိန်း၊မျိုးပွားသရုပ်ပြခြံမှ ခြံတာဝန်ခံ ဒေါက်တာရဲထက်အောင် ထံ သိရ
မိုးမိတ်မြို့နယ် နမီကျေးရွာ ပဒါန်းချောင်း မြေထိန်းနံရံကျိုးပေါက်ခြင်း ပြန်လည်ပြုပြင်ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာအုပ်စု နမီကျေးရွာတွင် ဩဂုတ် ၃၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် ပဒါန်းချောင်းရေမြင့်တက်ပြီး ရွာအဝင်တံတား၏ မြေထိန်းနံရံ ပေ(၇၀)ခန့်နှင့် ကျောက်စီမြေထိန်းနံရံ ပေ(၃၀) ခန့် ချောင်းတာပေါင် ကျိုးပေါက်၍ နမီ ကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့
ငဖဲမြို့နယ် ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင်  ပိုးသတ်ဆေးဖျန်း
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ပေါက်တစ်ခုဖြစ်သော မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်း ကျေးရွာ အုပ်စုအတွင်းရှိ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ
လှိုင်းဘွဲမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်(၂)အောက် ကလေးငယ်များအား တတိယကြိမ်နှင့် စတုတ္ထအကြိမ် (MCCT) ထောက်ပံ့ငွေများ ပေးအပ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ်  (MCCT)ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။