ဘုတလင်မြို့နယ်တွင် မိုးရွာသွန်းမှု နည်းသဖြင့် လျှော်ဖြူပင်များ အစေးအထွက်နှုန်း နည်းလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၌ ယခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းသဖြင့် မိုးကောင်းသောက်ဒေသများတွင် လျှော်ဖြူပင်များ အစေးအထွက်နှုန်း နည်းပါးလာကြောင်း ကံသာကျေးရွာမှ လျှော်ဖြူစိုက်တောင်သူ ဦးသန်းဝင်းထံမှ သိရသည်။