မြိုင်ကြီးငူအထူးဒေသတွင် ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC)နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲတို့ ပူးပေါင်း၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့က ကြွက်နားရွက်မှိုစိုက်ပျိုးထုတ်လုပ်မှု လက်တွေ့ပြသ နည်းပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။








