ကျေးရွာတွင်းလမ်း ပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ဟံသာ၀တီကျေးရွာအုပ်စု၊ ကုက္ကားကျေးရွာတွင် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သြဂုတ် ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က  သက်ဆိုင်ရာတာ၀န်ရှိသူများကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း လိုက်နာခြင်းအားဖြင့် သာကေတ မိကျောင်းမွေးမြူရေး စခန်းဖွင့်လှစ်ပြသ 
ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ၊မြခွာညိုလမ်းရှိ သာကေတ မိကျောင်းမွေးမြူရေးစခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်နှင့် အညီ လိုက်နာမှုဖြင့် ဩဂုတ် ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်လျက် မိကျောင်းပြကွက် ၇မျိုးကို ပြသလျက်ရှိကြောင်း သိရသည်။