မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်နှင့် ဟားခါးမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံ ဟားခါးမြို့ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ထန်တလန်နှင့်  ဟားခါးမြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ဟားခါးကောလိပ်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟားခါးကောလိပ်ဘွဲ့နှင်းသဘင် တည်ဆောက်နေမှု၊ ဟားခါးမြို့ Cyclone Shelter တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက်  အလှူတော်ငွေပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ထာဝရငြိမ်းချမ်းရေးစေတီတော်  ဘက်စုံ တည်ဆောက်အချောသပ်မွမ်းမံခြင်း လုပ်ငန်းများအတွက်  အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်းရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌   ကျင်းပသည်။
ပရိယတ္တိစာသင်တိုက်ကြီး သုံးတိုက်သို့ ထာဝရဆွမ်း ငွေပဒေသာပင် ငွေကျပ်သိန်း ၅၀ စီလှူဒါန်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး နှင့် တာဝန်ရှိသူများနှင့်အတူ  ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး (၃) တိုက်သို့
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း စက္ကူစက်ရုံ(ရေနီ)နှင့် သာဂရစက်မှုနယ်မြေတို့ကို ကြည့်ရှုစစ်ဆေး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ  စက္ကူစက်ရုံ(ရေနီ)နှင့် သာဂရ စက်မှုနယ်မြေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်တို့နှင့်အတူ