မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် Federation of Engineering Institutions of Asia and Pacific (FEIAP) တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့်လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “The Guidelines on Occupational Safety and Health in Construction Industry (Management) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း၊ အမှတ် (၅/က) မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။