နမ္မတူမြို့နယ် (IDP) စခန်း(၃)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို
ကျွန်းစုမြို့တွင် မိုးသည်ထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် ဩဂုတ် ၁၁ ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ
မိုင်းရယ်မြို့တွင် အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင် အေနှင့် သံချဆေးများ တိုက်ကျွေး
လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေး ခြင်းကို  ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီက မိုင်းရယ်မြို့  ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ဝေါမြို့တွင် ကုန်စည်များ၌ ကုန်ညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှု ရှိ/ မရှိ စိစစ်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည်များ၌ ကုန်အညွန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိ ကို  ယနေ့ နံနက်ပိုင်းက ဝေါမြို့မဈေး အတွင်း / အပြင်ရှိ  ဈေးဆိုင်များလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရှိရ
တာလေမြို့၌ မိုးလယ်စိုက် ပြောင်းစိုက်ခင်းများအား  faw (ငမြောင်တောင်) ပိုးကျရောက်မှု ကြိုတင်ကင်းထောက် နိုင်သည့် phenomone trap ချိတ်ဆွဲခြင်း ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ဖျက်အားပျင်း FAW(ငမြောင်တောင်) ပိုးကျရောက်မှုအခြေအနေများကို ကြိုတင်ကင်းထောက်နိုင်သည့် phenomone trap ချိတ်ဆွဲခြင်းအား အမှတ်(၂ ) ရပ်ကွက်ရှိ  တောင်သူ ဒေါ်ကေသွယ်ထွန်း ၏ မိုးလယ်စိုက် ပြောင်းစိုက်ခင်းတွင် ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံးမှ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။