လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှုအစီအစဉ်မှ အခြေခံပညာ အထက်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။