ဘားအံ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် အခြေခံမဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံတစ်ဝန်း ကျင်းပ သွားမည်ဖြစ်ရာ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံမဲဆန္ဒရှင်များစာရင်းကို ထုတ်ပြန်ကြေညာထားပြီး ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကျော်ဝင်းမောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။







