တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တွေ့ဆုံအားပေး
တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစ၍ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မတ် ၁၄ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုနေကြသည့် ရပ်ဝေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။