ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ရေဘေးအန္တရာယ်ဆိုင်ရာ လိုက်လံအသိပေးနှိုးဆော်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ (၁၂) ရက်နေ့၊ မွန်းလွှဲ(၁၂)နာရီခွဲ တိုင်းထွာချက်အရ ကသာမြို့၏ ဧရာဝတီမြစ်ရေမှတ်သည် (၉၅၀) စင်တီမီတာသို့ ရောက်ရှိနေ ပြီး နောက်(၃)ရက်အတွင်း စိုးရိမ်ရေမှတ်(၁၀၄၀)စင်တီမီတာသို့ရောက်ရှိ နိုင်ပါသဖြင့် ကသာမြို့နယ်မီးသတ်ဦးစီး ဌာနနှင့် ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ဇူလိုင်လ(၁၂) ရက်နေ့က ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများအား ရေဘေးအန္တရာယ်ဆိုင်ရာများ သတိပြုနိုင်ရေးအတွက် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရ







