မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကျောဇီကျေးရွာအနီးရှိ MCCM Co., Ltd ၏ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) စမ်းသပ်လည်ပတ်နေမှုကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။