ရေရှားပါးပြတ်လပ်နေသော ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဥ်များဖြင့် သောက်သုံးရေများဖြန့်ဝေ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသည်ယာဥ် ၂ စီးနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသော မီးသတ်ယာဥ် ၁ စီးတို့ဖြင့် ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေပြတ်လပ်နေသော အတ္တရံရပ်ကွက်၊ ရှင်စောပုရပ်ကွက်များရှိ ပြည်သူများထံ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။