မင်းဘူးခရိုင်ရှိ ကျေးရွာ ၂၁ ရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ၂၀၁၉-၂၀၂၀ခုနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်နှင့် နွေရာသီကာလတွင် ရေရှားပါးမှု ကင်းဝေးစေရန် ရည်ရွယ်ပြီး ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။