ပန်းတနော်မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းဘေးတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ယိုစိမ့်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် အင်းမစက်ဘက်ကမ်းကျေးရွာ ရန်ကုန်- ပုသိမ် ကားလမ်းဘေးတွင် ဇူလိုင်လ ၆ ရက် နံနက် ၁၁ နာရီခန့်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။