လေးမျက်နှာမြို့နယ်အတွင်း Cash for Work စီမံကိန်းနှင့် (VRFP)ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းများကို ကျေးရွာ(၁၇)ရွာတွင် ဆောင်ရွက်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် လေးမျက်နှာမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း (၁၀)ရွာနှင့် (VRFP) ကျေးရွာမ တည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း (၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရ
ကန်ပက်လက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ      တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား    ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင်     အမှတ်(၂) ရပ်ကွက်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပုလင်းပြားကြီး ကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က အုတ်ရှစ်ကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
Sodium Cyclamate သတ်မှတ်ပမာဏ ကျော်လွန်နေသော အစားအသောက်များထပ်မံရောင်းချခြင်း မရှိစေရန်ကွင်းဆင်း စစ်ဆေး    
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များတွင် ဖွင့်လှစ်ထားသော မုန့်မျိူးစုံဆိုင်များ၌ Sodium Cyclamate သတ်မှတ်ပမာဏ ကျော်လွန်နေသော အစားအသောက်များ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရန် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ဇူလိုင် ၈ ရက်မှ ၁၇ ရက်နေ့အထိ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးဆေးကျွေးသွားမည်
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး  လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို ဇူလိုင် ၈ ရက်မှ ၁၇ ရက်နေ့အထိ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ နားနေဆောင်၌ ပြုလုပ်သောမြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။
သထုံမြို့နယ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ
မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်စု နောင်ဘိုကွက်သစ်ပိုင်း၌ ယနေ့ နံနက်ပိုင်းက သထုံမြို့နယ် အရပ်ဘက်လူမူအဖွဲ့အစည်းကွန်ရက်မှ ဦးဆောင်၍  စိမ်းလန်းငြိမ်းချမ်း အမုန်းစကား မပြောရေး အစီအစဉ်အရ သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မန်ဂျန်ရှားပျိုးပင်၊ တပေဘူ တပျိုးပင် စုစုပေါင်း ၁၅၀ဝ ကျော် စုပေါင်းစိုက်ပျိုးကြ
သဖန်းဆိပ် ရေလှောင်တမံမှ မိုးစပါး စိုက်ပျိုးရန်ရေ စတင်ထုတ်လွှတ်ပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ် ရေလှောင်တမံမှ မိုးစပါး စိုက်ပျိုးရန် ယနေ့ နံနက် ၆ နာရီက ရေစတင် ထုတ်လွှတ်ပေးကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(သဖန်းဆိပ်ဆည်)မှ သိရ