ဆီဆိုင်မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၀ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရ
ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ မိမိကျေးရွာမှာပင် ဆက်လက်ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၂၀ ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။








