မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ၏ ဝဥစိုက်ခင်းများတွင် ခါးရင်းပုတ်ရောဂါ ကျရောက်နေသဖြင့် ခရိုင်စိုက်ပျိုးရေးဉီးစီးဌာနမှူး ဦးထန်းနိုင်းနှင့် ခရိုင်သီးနှံတာဝန်ခံ ဒေါ်ခင်ပြုံးကြည်တို့က ဇူလိုင် ၇ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။