ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အဆင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စန္ဒားကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အင်ဂျန်းယန်မြို့၌ ငှက်ဖျားရောဂါပိုး (တတိယအကြိမ်)စစ်ဆေးခြင်းလုပ်ငန်း တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့၌ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းများသော အမှတ်(၄) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါပိုးရှိ/ မရှိ (တတိယအကြိမ်) စစ်ဆေးခြင်းကို ဇူလိုင် (၇)ရက်နေ့ နံနက် (၇) နာရီတွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ
စစ်တောင်းမြစ်အတွင်း စက်လှေများဖြင့် ပိုက်စိတ်တိုက် ရှော့တိုက်ငါးဖမ်းဆီးမှုများအား အရေးယူပေး ရန်လိုအပ်နေ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင် မြောက်မှတောင်သို့ စီးဆင်းသွားသည့် စစ်တောင်း မြစ် အတွင်း၌ စက်တပ်ယာဉ်များဖြင့် တရားမဝင်ရှော့တိုက်ငါးဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ၍ အုပ်စုဖွဲ့ကာ ပိုက်စိတ်တိုက် ရှော့ခ်တိုက်ငါးဖမ်းဆီးမှုများ ပိုမိုများလာသည်ဖြစ်ရာ ဒေသခံပြည်သူများက အရေးယူပေးနိုင်ရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။
ဒုတိယအကြိမ် နိုင်ငံတော်အစိုးရမှထောက်ပံ့သည့် ထောက်ပံ့ငွေများ ပြည်သူလက်ဝယ်အရောက်ပေးအပ်
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော် အစိုးရအနေဖြင့် ထောက်ပံ့မှုများပေးလျက်ရှိရာ မိုးညှင်းမြို့နယ်အတွင်း ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ်
ချောင်းဦးမြို့နယ်တွင် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု သင်တန်းဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ခြင်းအတွက် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမ၌  ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို
သဘာဝဘေးဖြစ်လျှင် အမြန်ဆုံးကူညီပေးနိုင်ရန် ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင်ထားရှိ
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်အတွင်း သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးကူညီပေးနိုင်ရန်အတွက် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်ဦးစီးဌာနများ အပါအဝင် နယ်မြေမီးသတ်တပ်ဖွဲ့စခန်းများရှိ မီးသတ်တပ်ဖွဲ့ဝင်များအား အသင့်ပြင်ဆင်ထားကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။