ရွှေကျင်မြို့တွင် သွားလာမှုအဆင်ပြေစေရန် ရွှေကျင်ချောင်းကူးတံတားအား(ယာယီ)ဖွင့်လှစ်ပေး
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှတာဝန်ယူတည်ဆောက်နေသော ရွှေကျင်ချောင်းကူး တံတားအား မိုးတွင်းအချိန်တွင် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် ယာယီဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။







