စစ်ကိုင်းမြို့၌ ငလျင်ဘေး အသိပညာပေး စာစောင်များ အခမဲ့ ဖြန့်ဝေပေး

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများအား ငလျင်ဘေးအသိပညာပေးစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ အခြေအနေကြောင့် ခေတ္တ ရပ်နားထားခဲ့သော အခြေခံစက်ချုပ် သင်တန်း၊ သင်ယူမှု ပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပ
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကို  မြောင်းမြမြို့နယ် ၊ မြို့ဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂  နာရီက ကျင်းပသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးရရှိရန်ခက်ခဲသော ကျေးရွာ(၁၂)ရွာသို့ အိမ်သုံးဆိုလာမီးများ အခမဲ့ပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ယုံမောကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်မီးရရှိရန် ခက်ခဲသော ကျေးရွာ(၁၂)ရွာသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (500-w) အိမ်သုံးဆိုလာမီး အစုံ(၁၉၀)ကို ယနေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက ပေးအပ်သည်။
ညောင်တုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်များ အခမဲ့ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခက်အခဲမရှိ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး အတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များကို ဇွန်လ ၁ ရက်နေ့မှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ တာဝန်ခံမူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပခုက္ကူပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများအတွက် လာရောက်လှူဒါန်းသည့် သွေးများအသုံးပြုမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ပခုက္ကူပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများအတွက် လာရောက်လှူဒါန်းသည့် သွေး များအသုံးပြုမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပိုင်ကျုံမြို့၌ 33/11KV-5MVAခွဲရုံတည်ဆောက်မှုလုပ်ငန်းများ (၅၂)ရာခိုင်နှုန်းပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံတည်ဆောက် ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၅၂) ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
မူဆယ်မြို့၌ တောင်သူများကို အီးအမ်ဖျော်ရည်ပြုလုပ်သုံးစွဲနည်းလက်တွေ့ပြုလုပ်ပြသခြင်းနှင့်  ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်

<