သနပ်ဖက်စိုက်ပျိုးသူများ သနပ်ဖက်ပေါ်ချိန်တွင် ‌စျေးကောင်းရရန် မျှော်လင့်နေ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နှင့် အနီးတစ်ဝိုက်ရှိ ‌ဒေသခံပြည်သူများ သည် သနပ်ဖက်ကို အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး နှစ်စဉ် သနပ်ဖက်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ ရရှိနိုင်ရန် စိုက်ပျိုးလျက်ရှိရာ သနပ်ဖက်ပေါ်ချိန်တွင် စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
သဖန်းဆိပ်ရေလှောင်တမံမှ စိုက်ဧက ၄၂၀၀၀၀ အတွက် ပျိုးထောင်ရေနှင့် မြေပြင်ရေများ စတင် ပေးဝေလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ဧက ၄၂၀၀၀၀ အတွက် သဖန်းဆိပ်ရေလှောင်တမံမှ ပျိုးထောင်ရေနှင့် မြေပြင်ရေများကို ယမန်နေ့ ၆ နာရီမှစတင်၍ ပေးဝေလျက်ရှိကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန မှသိရသည်။
မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသော လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်

သာပေါင်း ၈  ဇူလိုင် 

 

ဟားခါးမြို့ပေါ်တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း မရှိဘဲ ပြင်ပထွက်ရှိသူများကို  အရေးယူ ဆောင်ရွက်
ချင်းပြည်နယ် ဟားခါးမြို့တွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း  ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပ မထွက်ကြရန်နှင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေး လမ်းညွှန်ချက် များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက လိုက်လံအသိပေး နိူးဆော်ခြင်းများကို ဆောင်ရွက်လျက် ရှိပြီး စစ်ဆေးအရေးယူခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်တွင် လိုက်နာ ဆောင်ရွက်ခြင်းမရှိသူ ၂၀  ကို  မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေး နှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါများ နှိမ်နှင်းရေး ဉပဒေပုဒ်မ (၁၅)ဖြင့် တရားစွဲအရေးယူခဲ့ကြောင်း သိရ
ရွှေဘိုခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် စိစစ်ခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။
အမှိုက်များစနစ်တကျ စွန့်ပစ်ရန်  အသိပညာပေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် လှည်းတန်းပေ(၅၀)ပျံကျဈေး၌ ရောင်းချနေသော ကုန်စိမ်းကုန်ခြောက် ဈေးသည်များကို မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတာဝန်ခံ အဖွဲ့များမှ အမှိုက်စိုအမှိုက်ခြောက်များကို စနစ်တကျသိမ်းဆည်းစွန့်ပစ်နိုင်ရန် အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းက ဈေး၌လိုက်လံ၍အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ