ထန်ပါခွေမြို့၌ ကန္တာရကျိုင်းကောင်ကင်းထောက်ခြင်း၊ ဖီရိုမုန်းထောင်ချောက်တပ်ဆင်ခြင်းနှင့် ဖလံဖမ်းယူရရှိမှု ကင်းထောက်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ ကန္တာရကျိုင်းကောင် ကင်းထောက်ခြင်း၊ ဖီရိုမုန်းထောင်ချောက်တပ်ဆင်ခြင်းနှင့် ဖလံဖမ်းယူရရှိမှု ကင်းထောက်စစ်ဆေးလုပ်ငန်းများကို
ကျိုက်ဒုံမြို့တွင်  (Grade-1)သင်ရိုးသစ်အတွက် စကောကရင်ဘာသာ သင်တန်းပို့ချ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက်ပိုင်းက ကျိုက်ဒုံမြို့အခြေခံပညာအထက်တန်းကျောင်းတွင် (KECD)ကျောင်းမှ တိုင်းရင်းသားစာပေ စကောကရင်ဘာသာသင်တန်း ပို့ချခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် အသက်(၈၅) နှစ်နှင့် အထက် ဘိုးဘွားများ၊  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက် ကလေးငယ်များအား  ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေနှင့် လူမှုအသင်းအဖွဲ့များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ အား ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လူမှုအသင်းအဖွဲ့များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းကို ဇူလိုင် ၇ ရက် ညနေ ၄ နာရီက ငွေတောင်ကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထင်ယောင်ထင်မှားစိတ်ဖြင့် ကလေးများကို ကာကွယ်ဆေးမထိုးဘဲထားပါက ကူးစက်ရောဂါများ ခံစားရနိုင်
တချို့သော ကိစ္စများနှင့် ပတ်သက်၍  ကာကွယ်ဆေးထိုးလုပ်ငန်းအပေါ် ထင်ယောင်ထင်မှား စိတ်ဖြစ်ကာ မိမိတို့၏ ရင်သွေးငယ်ကလေးများအား ကာကွယ်ဆေးမထိုးဘဲထားပါက ကူးစက်ရောဂါများ ခံစားရနိုင်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြိုင်ကြီးငူအထူးဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ရေး ကွင်းဆင်း
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်ဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကရင် ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်သည် ယမန်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူ အထူးဒေသသို့သွားရောက် ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးတိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန  ပြည်တွင်းအခွန်များဦးစီးဌာန မော်တော်ယာဉ်များဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံထုတ်ပေးခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာခြင်း