ချင်းပြည်နယ် ဟားခါးမြို့တွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပ မထွက်ကြရန်နှင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေး လမ်းညွှန်ချက် များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက လိုက်လံအသိပေး နိူးဆော်ခြင်းများကို ဆောင်ရွက်လျက် ရှိပြီး စစ်ဆေးအရေးယူခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်တွင် လိုက်နာ ဆောင်ရွက်ခြင်းမရှိသူ ၂၀ ကို မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေး နှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါများ နှိမ်နှင်းရေး ဉပဒေပုဒ်မ (၁၅)ဖြင့် တရားစွဲအရေးယူခဲ့ကြောင်း သိရ