ကျေးရွာအများသုံး ရေအရင်းအမြစ် စစ်တမ်းကို ထန်းတပင်မြို့နယ်တွင် ကောက်ယူနေ

ကျေးလက်ဒေသများတွင် သန့်ရှင်းသော ရေများရရှိနိုင်ရေးနှင့် သောက်သုံးရေအခက်အခဲများ မဖြစ်ပေါ်စေရေးတို့အတွက် ကျေးရွာအများသုံး ရေအရင်းအမြစ်စစ်တမ်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကောက်ယူလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်၊ ဆားပြင်၊ တူမောင်း ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ် ၇ ရက် နံနက် ၉ နာရီခွဲက ကျောက်တံခါးမြို့နယ် သရက်စိန်ကျေးရွာ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆင်ဇလုပ်၊ ဆားပြင်၊ တူမောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက် လောင်းလှူပွဲကြီး ဘုရားကြီးဝင်းအတွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတောင်စားစေတီတော် (၂၅၇)နှစ်မြောက်နှင့် လောကမာရဇိန်ဘုရား (၁၄၅)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက် လောင်းလှူပွဲကြီးကို ယနေ့နံနက် ၇ နာရီ ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရေကြည်၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပ

သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းကျေးရွာမှ နွားလှည်းယဉ် ၃၁ စီး ပါဝင်သော လှည်းတန်းဖြင့် နှစ်စဉ် အစဉ်အလာမပျက် လာရောက်ဖူးမြော်
မကွေးတိုင်းဒေသကြီး အညာဒေသတွင် ထင်ရှားကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်သည့် သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားပွဲသို့ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်းကျေးရွာမှ နွားလှည်းတန်းဖြင့် နှစ်စဉ် ရှေးရိုးအစဉ်အလာမပျက် လာရောက်ဖူးမြော်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက နွားလှည်းယဉ် ၃၁ စီး ပါဝင်သော လှည်းတန်းဖြင့် လာရောက်ဖူးမြော်ကြသည်။
အပန်းဖြေကမ်းခြေဧရိယာအတွင်း အများပြည်သူ အကျိုးအတွက် တားမြစ်ထားသော အမိန့်ကြေညာ ဆိုင်းဘုတ်များစိုက်ထူ
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံကမ်းခြေတွင် အများပြည်သူများ လာရောက်အပန်းဖြေသော ကမ်းခြေဧရိယာအတွင်း ပြည်သူများ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရန်အတွက် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ ချမှတ်ထားသော စည်းကမ်းချက် အမိန့်ကြေညာချက်များကို ရွှေသောင်ယံမြို့ရှိ ထင်သာမြင်သာရှိသော နေရာများတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် စည်းကမ်းထိန်သိမ်းရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံစိုက်ထူခဲ့သည်။
မြန်အောင်မြို့ အဝေးပြေးကားဝင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ