ဒုတိယဝန်ကြီး ဦးလှကျော် ဟင်္သာတခရိုင်အတွင်း မြစ်ကမ်းကာကွယ်ခြင်း လုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် မတ် ၆ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ ကမ်းပြိုကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်းကာကွယ်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ယနေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာအတွင်းရှိ ချောင်းရိုးဒေသကြီးရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးရွာရှိ ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
(၇၁)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား သထုံမြို့နယ်၌ ကျင်းပ
၂၀၂၀ ပြည့်နှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ကျင်းပခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရွှေစက်တော်ဘေးမဲ့တောရှိ ရွှေသမင်များ သောက်ရေမပြတ်ရအောင် ရေကန်များအတွင်း ရေဖြည့်ပေး
နွေဦးရာသီကာလများမှစ၍ မင်းဘူးခရိုင် ရွှေစက်တော်ဘေးမဲ့တောဧရိယာထဲမှ ရွှေသမင်များကျက်စားရာ နေရာများအနီးရှိ ရေကန်သုံးကန်ကို ရေဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရုံးမှ သိရသည်။ 
လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အစဉ်အလာမပြတ် ကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်မှ လပြည့်ကျော် ၁ ရက် (မတ် ၁ ရက်မှ ၉ ရက်) အထိ ကိုးရက်ကြာ စည်ကားစွာဖြင့် အစဉ်အလာမပြတ် ကျင်းပလျက်ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် (COVID - 19) အသိပညာပေး ဆွေးနွေးပွဲ ခိုလမ်မြို့၌ ပြုလုပ်
ရှမ်းပြည်နယ်(တောင်းပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကိုရိုနာဗိုင်းရပ်စ် (COVID - 19) အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ပြလုပ်ခဲ့သည်။
ရန်ကုန်မြို့၌ (၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကျင်းပ
(၇၁)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို သက္ကရာဇ် ၁၃၈၁ ခုနှစ် တပေါင်းလပြည့်နေ့ ကျရောက်သည့် မတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် သာသနာ့ရိပ်သာလမ်း အမှတ် (၇၁)ရှိ တောင်ကြီးပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။