ဆည်တော်ကြီး ဆည်ရေသောက်စနစ်မှ ရေပေးမြောင်းအလိုက် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းကာ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနေ
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံမှ မန္တလေးခရိုင်အတွင်းရှိ မတ္တရာ၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်အတွင်းသို့ စိုက်ပျိုးရေပေးဝေလျက်ရှိရာ ပုသိမ်ကြီးမြို့နယ် နန္ဒာကျေးရွာ ရေသောက်စနစ်တွင် ဆည်ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ဇူလိုင် ၂ ရက် မွန်းလွဲ ၃ နာရီက အဆိုပါကျေးရွာ ကျောက်သံပတ်မြောင်း နန္ဒာရှင်းလင်းဆောင်တွင် ကျင်းပသည်။







