စလင်းမြို့နယ်ရှိ ကျေးရွာငါးရွာ၌ ရေရရှိရေးဆိုင်ရာ အချက်အလက်များကောက်ယူ
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆည်ကန်၊ အုန်းတော၊ မြောင်းခြား၊ လေးရွာ၊ သစ်ခွင်ကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ရေရရှိရေးဆိုင်ရာ အချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။