ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး ပညာပေးမြေစိုက်ပိုစတာ စိုက်ထူ၍ လက်ကမ်းစာစောင်ဖြန့်ဝေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ တပ်ပြင်ဈေးအရှေ့၌ ပြည်သူမျာအား “ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး” ပညာပေးမြေစိုက်ပိုစတာကို ဇွန် ၁၃ ရက် နံနက် ၁၀ နာရီက ငါးလုပ်ငန်းဦးစီးဌာနမှ စိုက်ထူ၍ ပြည်သူများနှင့် ဈေးသူဈေးသားများအား လက်ကမ်းစာစောင် ဖြန့်ဝေပညာပေးခဲ့ကြသည်။







