ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကြည့်ရှု
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် (၁၅၁) မဂ္ဂါဝပ်သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။