မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများ ဆောင်ရွက်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေဖြင့် လမ်းကြားများ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ရပ်ကွက်များအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။








