စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် အရေးယူမည့်လုပ်ငန်းစဉ်များ အသိပေးရှင်းလင်းပွဲ မြိတ်မြို့၌ပြုလုပ်
မြိတ်ခရိုင်အတွင်း စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသိပေးရှင်းလင်းပွဲကို မေ ၃၀ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ သာကေတရပ်ကွက်၊ သဲကွင်း ၆ ရှိ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။







