ရေနံချောင်းမြို့နယ် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး တက်ရောက်
ရေနံချောင်းမြို့နယ် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် တတိယအကြိမ် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်းတန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။






