ရန်ကုန်နည်းပညာတက္ကသိုလ်၌ ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် စွမ်းအင်ဆိုင်ရာနိုင်ငံတကာ သုတေသနစီမံကိန်း ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်နည်းပညာတက္ကသိုလ်သည် ဉရောပသမဂ္ဂ Erasmus + Capacity building in Higher Education Program ရန်ပုံငွေ အထောက်အပံ့ဖြင့် ဖင်လန်နိုင်ငံ မှ Alto University ၊ နယ်သာလန်နိုင်ငံမှ Eindhoven University of Technology ၊ စလိုဗေးနီးယားနိုင်ငံမှ  University of Ljubljana ၊  မြန်မာနိုင်ငံမှ မန္တလေးနည်းပညာတက္ကသိုလ်၊ ဗီယက်နမ်နိုင်ငံမှ Ho Chi Minh City University of Technology, Eastern International University, Vietnamese German University, TRUONG DAI HOC THU DAU MOT University တို့ ပူးပေါင်း၍ “Developing Energy Efficient and Smart Lighting Education in Vietnam & Myanmar (DESL)” သုတေသနစီမံကိန်းအား ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သုတေသန စီမံကိန်းသည်  (၃)နှစ်တာ ကြာမြင့်မည်ဖြစ်ပြီး တိုင်းပြည်၏ စွမ်းအင်လုံလောက်မှုနှင့် အရည်အသွေးမြင့်မားသော မီးအလင်းပေး စနစ် အလေ့အကျင့်ကောင်းများဖွံ့ဖြိုးမှုနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင် ရန် အဓိကရည်ရွယ်ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ် စွမ်းရည်သရုပ်ပြနေမှု ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်စွမ်းရည် သရုပ်ပြမှုကို ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး မုခ်ဦးရှေ့၌ ပြုလုပ်သည်။
သနပ်ခါးမြို့တော်ဖြစ်သည့် အရာတော်မြို့နယ်တွင် ဇူလိုင်လအတွင်း၌ ပထမဆုံးအကြိမ် သနပ်ခါးပွဲရုံ ဖွင့်လှစ် ရောင်းချမည် 
အရာတော်မြို့နယ် သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သနပ်ခါးမြို့တော်အဖြစ် သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ဇူလိုင်လအတွင်း၌ ပထဆုံးအကြိမ်အဖြစ် သနပ်ခါးပွဲရုံဖွင့်လှစ်ကာ သနပ်ခါးနှင့် သနပ်ခါးတန်ဖိုးမြင့် ထုတ်ကုန်များအား လက်လီလက်ကား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပွဲရုံကို အရာတော်-မုံရွာ-ရွှေဘို ကားလမ်းဘေးရှိ အရာတော်မြို့အဝင် အမှတ် ၁ နယ်မြေ၊ ပိတောက်မြိုင်ရပ်ရှိ အရာတော်မြို့နယ် သနပ်ခါး အသင်းရုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သနပ်ခါးချစ်သူများအနေဖြင့် အရည်အသွေး မှန်ကန်သည့် သနပ်ခါးများအား ဈေးနှုန်းချိုသာစွာဖြင့် လက်လီ၊ လက်ကား လာရောက်ဝယ်ယူနိုင်ရန် ဖွင့်လှစ်ရောင်းချပေးခြင်းဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။ 
မြောက်ဥက္ကလာပမြို့နယ်၌ အလိုအလျောက်ကိုယ်အပူချိန်တိုင်း စက်တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများဖြင့် ပြည်သူတစ်ဦးချင်းအား ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ပြည်သူလူထုအတွင်း ကူးစက်မှုမရှိစေရေး ကွင်းဆင်းရှာဖွေဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့၏ အစီအစဉ်ဖြင့် အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများဖြင့် တစ်ဦးချင်း ပြည်သူကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်သည်။
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ပြန်လည်ဖွင့်လှစ်ပါက အပန်းဖြေသူများအတွက် ဝန်ဆောင်မှုကောင်းများ ပြင်ဆင်ထား
ရန်ကုန်မြို့နေ ပြည်သူများ နွေရာသီတွင် အပန်းဖြေအနားယူရာလေ့ရှိသော သာကေတ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအား မတ်  ၂၃ ရက်မှ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားရာ ပြန်လည်ဖွင့်လှစ်ချိန်တွင် အပန်းဖြေလာသော ပြည်သူများအား ဝန်ဆောင်မှုကောင်းများ ပေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖလမ်းမြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့
ဖလမ်းမြို့နယ်၊ ဇောလ်သဲကျေးရွာတွင် ဧပြီ ၁၄ ရက်က မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ဖလမ်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ ၂၈ ရက် မွန်းလွဲပိုင်းက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဖလမ်းခရိုင်တာဝန်ခံ ဒေါ်နီထလဲန်းကြွယ်က ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မြိတ်မြို့နှင် ကျွန်းစုမြို့မှ ရေလမ်းခရီးဖြင့်သာ သွားနိုင်သည့် ကံမော်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် သွေးရည်ကြည် လှည့်သည့်စက် လှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကံမော်ကျေးရွာရှိ ကံမော်တိုက်နယ်ဆေးရုံအတွက် ကျပ်သိန်း (၁၃၀) တန်ဖိုးရှိ သွေးရည်ကြည် လှည့်သည့်စက်ကို ထိုင်းနိုင်ငံ  Charoen Pokphand Foods Public Company Limited မှ ယနေ့ မွန်းလွဲ (၂)နာရီတွင် မြိတ်မြို့ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်း ဗိုလ်တေဇခန်းမ၌ လှူဒါန်းခဲ့သည်။